မလှိုင် မတ် ၃
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာန (၄) ခုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့ နံနက် (၁၀) နာရီမှစတင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် အထက (မလှိုင်)၊ အထက (ပန်းအိုင်)၊ အထက (ဆည်တို)၊ အထက (နှောကန်) စုစုပေါင်းစာစစ်ဌာန (၄) ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား (၃၈၇) ဦး၊ ကျောင်းသူ (၆၅၄) ဦး၊ စုစုပေါင်း (၁၀၄၁) ဦး ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲ မဖြေ ဆိုမီ၊ ဖြေဆိုနေချိန်နှင့် ဖြေဆိုပြီးနောက် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးတွက် မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇေယျာအောင် ဦးစီး၍ တပ်ဖွဲ့ဝင်(၁၂)ဦးတို့မှ မီးသတ်ဆေးဘူး များ လေပေါင်ချိန် ပြည့်/မပြည့်၊ အသုံးပြု၍ ရ/မရ၊ မီးချိတ်၊ မီးကပ်၊ သဲများထားရှိမှု၊ ရေသိုလှောင် ထားရှိမှု၊ လေဝင်လေထွက်ကောင်မွန်ခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)