ကျောက်မဲ မတ် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကျောက်မဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောက်မဲခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စန်းစန်းရီက ကလေးသူငယ်အခွင့်အရေးမျာဆိုင်ရာ ဥပဒေပါ အကြောင်းအရာများကိုလည်းကောင်း၊ ကျောက်မဲမြို့နယ် ဒုမြို့နယ်တရားသူကြီး ဒေါ်နှင်းသီတာထက်က ကလေးသူငယ် တရားစီရင်ရေးကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးမြင့်က ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ကျောက်မဲမြို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းမှ တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)