မိုင်းခတ် မတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ဖြေဆိုလျက်ရှိရာ ယနေ့တွင် Grade-9 အတန်း၏ နောက်ဆုံးနေ့အဖြစ် အခြေခံသိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများကဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် Grade-9 တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၇)ဦး၊ ပျက်ကွက်သူ (၂)ဦး၊ ဖြေဆိုသူ (၄၅)ဦးရှိပြီး နောက်ဆုံးဘာသာရပ်ဖြစ်သော အခြေခံသိပ္ပံဘာသာရပ်ကို ဖြေဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)