နမ့်ဆန် မတ်လ ၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ဆရာတော်များအား စည်ကားသိုက်မြိုက်စွာ ကြိုဆိုနိုင်ရေးနှင့် ဘွဲတံဆိပ်တော်ပူဇော်ပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ လွယ်ဆိုင်ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်က ဆရာတော်များအား တပေါင်းလပြည့်ကျော် ၅ ရက် (မတ်လ ၁၀ ရက်)နေ့ နံနက် ၈ နာရီအချိန် စည်ကားသိုက်မြိုက်စွာ ကြိုဆိုရေးအတွက် မြို့မိမြို့ဖ၊ ဒကာ/ဒကာမများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကြိုဆိုကြရန်နှင့် ရပ်ကွက်၊ ကျေးရွာများက ရိုးရာအိုးစည်ဗုံမောင်းများဖြင့် မြို့အဝင်မှ မြို့မဂိုဏ်းချုပ်ကျောင်းအထိ ကြိုဆိုမည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာသူများ ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။ အစည်းအဝေးသို့ ဌာနဆိုင်ရာ အကြီးအကဲ(၃၀)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး(၁၀)ဦး၊ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ သာသနာဆိုင်ရာ ဘွဲတံဆိပ်တော် ချီးမြှင့်ခြင်းခံရသော ဆရာတော်များမှာ (၁)ဘဒ္ဒန္တဝိမလ (မြို့မဂိုဏ်းချုပ်ကျောင်းဆရာတော်) မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့၊ (၂)ဘဒ္ဒန္တပညာသာရ(အာရမ်းကျောင်းတိုက်ဆရာတော်)မဟာသဒ္ဒမ္မဇောတိကဓဇ္ဇဘွဲ့၊ (၃)ဘဒ္ဒန္တဉာဏိက(လားရှိုးအောင်မင်္ဂလာကျောင်းတိုက်-နမ့်ဆန်) မဟာသဒ္ဒမ္မဇောတိကဓဇ္ဇဘွဲ့ (၄)ဘဒ္ဒန္တဥက္ကံသ(ထေရဝါဒသာသနာပြုကျောင်း-ဟိုလတ်)မဟာသဒ္ဒမ္မဇောတိကဓဇ္ဇဘွဲ့တို့ဖြစ်ကြောင်း သိရသည်
နမ့်ဆန်ဒေသ(ပြန်/ဆက်)