ဆွမ်ပရာဘွမ် ဖေဖေဝါရီ ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူကြိုကျောင်းဆင်းပွဲနှင့် ဘွဲ့အပ်နှင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်က ဝါစပ်ခူးရပ်ကွပ်ရှိ ကက်သလစ်သိုးထိန်းကောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဆွမ်ပရာဘွမ်ကက်သလစ် ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာမရောင်းဇော်တူးက အမှာစကား ပြောကြားပြီး မူကြိုကော်မတီဥက္ကဋ္ဌ ဒေါ်ရွှေဝါမြင့်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မူကြိုကလေးငယ်များအား စိတ်အား စေတနာများဖြင့် သင်ကြားပေးသော ဆရာ၊ ဆရာမများကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက မူကြိုကလေးငယ်များအား အာဟာရဖြည့် ကြက်သားဆန်ပြုတ်နှင့် မုန့်များ ကျွေးမွေးလှူဒါန်းခြင်းကိုလည်းကောင်း၊ ဘာသာဝင်များမှ အလှူငွေများ နှင့် အခြားစားသောက်ကုန်များကို လှူဒါန်းပေးခြင်းကိုလည်းကောင်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မူကြိုကျောင်းဆင်း ကလေးငယ်များအား ဘွဲ့အပ်နှင်းခြင်းနှင့် ဂုဏ်ပြု လက်မှတ်များကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးပြီး မူကြိုကလေးငယ်များက အကပဒေသာဖြင့် ကပြ၍ တက်ရောက်လာသူများအား ကြာဇံခေါက်ဆွဲဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)