မိုင်းဆတ်မြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရွှေတိဂုံပုံတူ သဗ္ဗညုဆုတောင်းပြည့်စေတီ ဗုဒ္ဓပူဇနိယပွဲကျင်းပမည်

မိုင်းဆတ် ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရွှေတိဂုံပုံတူ သဗ္ဗညုဆုတောင်းပြည့်စေတီ ဗုဒ္ဓပူဇနိယပွဲကို မတ်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်သွားဖြစ်မည်ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ ကျဒယ်ရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) သဗ္ဗညုကျောင်းတိုက်၌ တည်ထားကိုးကွယ်လျက်ရှိသော ရွှေတိဂုံပုံတူ သဗ္ဗညုဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေ ကအနေကဇာတင်ခြင်းအခမ်းအနားကို မတ်လ(၅)ရက်နေ့နံနက်(၅)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း(၃၅)ကျောင်းမှသံဃာတော် အပါး(၄၀၀)အား လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို မွန်းလွဲ(၂) နာရီအချိန်တွင် သဗ္ဗညုစေတီတော် ပရဝုဏ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ် သာသနာရေးဦးစီးဌာနမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)