မိုင်းဆတ်မြို့၌ ဒေသခံရှမ်းတိုင်းရင်းသားများ စုပေါင်းရှင်ပြုပွဲကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒေသခံရှမ်းတိုင်းရင်းသားများ စုပေါင်းရှင်ပြုပွဲကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှ မတ်လ(၁)ရက်နေ့အထိ ဝိန်းနေဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်များသည် အလှူအတန်းများစွာရှိသည့်အနက် အလှူရေစက်လက်နဲ့မကွာ အလှူအတန်းပြုလုပ်ကြရာ ရှမ်းတိုင်းရင်းသားတို့၏ ရှေးဘိုးဘွားများလက်ထက်မှ ယနေ့ထိတိုင် ရှမ်းရိုးရာဓလေ့အတိုင်းသားလှရတနာများကို သာသနာ့ဘောင်သို့ သွတ်သွင်းသည့် အလှူမင်္ဂလာပွဲတော်ကျင်းပကြရာ သင်္ကန်းမဝတ်မီမြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ရှင်လောင်းများကိုထမ်းပိုးကာ လှည့်လည်ကန်တော့ခြင်း၊ ကျွေးမွေးဧည့်ခံခြင်းဓလေ့ကိုလည်း ပြုလုပ်ကြလေ့ရှိပြီး မတ်လ(၁)ရက်နေ့တွင် ရှင်လောင်း(၃၁)ပါးကို သာသနာ့ဘောင်သွတ်သွင်းကာ သင်္ကန်းစည်းပေးခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားနာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)