ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိ်နမြင့်မားရေး စာရေးဆရာခင်စောတင့် ရေးသားသည့်“ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ” စာအုပ်အား ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “ခက်ခဲ့ကျပ်တည်း သောအချိန်မှာစိတ်ချမ်းမြေ့စရာ”စာအုပ်သည် နေ့စဉ်စိန်ခေါ်ခြင်းများနှင့် ဖြတ်သန်းနေကြရသောသူများ၊ ဆင်းရဲဒုက္ခပြသနာများနှင့် ကြုံတွေ့ရင် ဆိုင်နေရသောသူများအား လမ်းကြောင်းမှန်ပေါ်သို့တင်ပေးပြီးကောင်းမွန်ပြီး အားတတ်စေမည့်နာဂတ်များ ရရှိစေမည့်စာအုပ်တစ်အုပ် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဥက္ကဌ၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်) က စာအုပ်တွင်ပါရှိသောလက်ခံအသိအမှတ်ပြုခြင်း၊ အကျပ်အတည်းများကို အောင်နိုင်ခြင်း၊ အတွေးများ၊ မိမိကိုယ်ကို ကျေနပ်နှစ်သက်ခြင်း၊ ဆက်ဆံရေးများ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက  ငွေ၊ချမ်းသာကြွယ်ဝခြင်း၊အခက်အခဲများကို ကျော်ဖြတ်ခြင်း၊ ကျေးဇူးတင်ခြင်း၊ လက်လွှတ်လိုက်ပါ၊ အကူအညီတောင်းခံပါ၊ ပျော်ရွှင်ခြင်း၏အရေးပါမှုအကြောင်းများအား ရှင်းလင်းဆွေး နွေးခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများကသိရှိလိုသည့်အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)