သံတောင်ကြီးမြို့တွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများ ဈေးကောင်းရရှိ

သံတောင်ကြီး ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည်   တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည် ယခုအချိန်တွင် အသီးများ စတင်ထွက်ရှိပြီး ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့် အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။

မရမ်းသီးများသည်     သက်တမ်းရှည်သောအပင်မျိုးဖြစ်ပြီး    စိုက်ပျိုးပြီး နှစ်(၂၀)ခန့်တွင် အသီးများကို စတင်ခူးယူနိုင်သည်။  ဒေသခံပြည်သူများသည် တစ်ပိုင်တစ်နိုင်ဖြင့် မရမ်းပင်များကို   မိမိတို့ နေအိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများတွင်လည်းကောင်း၊  ဥယျဉ်ခြံမြေများတွင်လည်းကောင်း အခြားနှစ်ရှည်ပင်များနှင့် ရောနှောကာ စိုက်ပျိုးလျက်ရှိသည်။

အဆိုပါ ပေါ်ဦးပေါ်ဖျား မရမ်းသီးများကို တောင်ငူမြို့ရှိ ဆိုင်ကယ်ကယ်ရီများက လာရောက်ဝယ်ယူရာ တွင် တစ်ပိဿာကို ကျပ်(၆၅၀၀)မှကျပ်(၇၀၀၀)အထိရရှိသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။  

နော်နော်မူ