မိုင်းခတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 အတန်းများ၏ နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆိုပြီးမြောက်

မိုင်းခတ် ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ဖြေဆိုလျက်ရှိရာ ယနေ့တွင် Grade-5 အတန်း၏‌နောက်ဆုံးနေ့အဖြစ် လူမှုရေးဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် Grade-5 တွင်  စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၂၀)ဦး၊ ဖြေဆိုသူ (၂၀၂)ဦး၊  ပျက်ကွက်သူ(၁၈)ဦးရှိပြီး Grade-9 အဆင့်ကျောင်းသား၊ ကျောင်းသူများအား မတ်လ ၁ ရက်နေ့တွင် ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)