မိုင်းယောင်း ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်း ခရိုင်၊ မိုင်းယောင်းမြို့နယ်၏ ရှမ်းဒေသအစားအစာ တစ်မျိုးဖြစ်သော မုန့်တီ(ခေါက်နွမ် ခေါ် ခေါက်ဆင့်)ကို လူအများက အထူးသဖြင့် လူငယ်များ ကြိုက်နှစ်သက်ကြသည်။
မုန့်တီ(ခေါက်နွမ် ခေါ် ခေါက်ဆင့်)ကို ပြုလုပ်စားသုံးရာတွင် ပထမဆုံး ရေစိမ်ထားသော ဆန်ကိုကြိတ်ပြီး ရေနှင့်သမအောင်ရောနယ်ကာ ပွက်ပွက်ဆူနေသော အိုးထဲသို့ အပေါက်လုပ် ထားသောအဝတ်အတွင်း ထည့်ညစ်၍ မုန့်ဖတ်ပြုလုပ်ရကြောင်း၊ ထိုမှ ရလာသော မုန့်တီကို အသင့်ပြုလုပ်ထားသည့် ဆီချက်၊ ချင်းရည်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရွှေပဲရွက်၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက်၊ လက်ပံပွင့်၊ ခရမ်းချဉ်သီး၊ ပဲပုပ်၊ ငရုတ်သီးဆီကြော်၊ နှမ်းထောင်း၊ ဟင်းခတ်မှုန့် တို့နှင့် မိမိကြိုက်နှစ်သက်သည့် အရသာကို လိုအပ်သလို အလွယ်တကူ ပြုလုပ်စား သုံးကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း