ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တက္ကသိုလ် ဥပဒေပညာမိသားစုများ၏ ဒုတိယအကြိမ် (၇၅)နှစ်အထက်သက်ကြီး ဆရာကြီး/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရန်ကုန်တက္ကသိုလ် RECREATION CENTRE ခန်းမ၌ ကျင်းပသည်၊၊
ရှေးဦးစွာ ဆရာကြီး/ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူများက ကန်တော့ပစ္စည်း/ကန်တော့ငွေများ ပေးအပ်ကြပြီး ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်၊၊
ဆက်လက်၍ ကန်တော့ခံဆရာကြီး ဒေါက်တာတင်အောင်အေးနှင့် ဒေါက်တာဒေါ်သန်းနွဲ့တို့က ဆုံးမဩဝါဒစကားပြောကြားပြီး ကျောင်းသူ ဒေါ်ဇာနည်နှင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်၊၊
ထို့နောက် အခမ်းအနားကိုတေးဂီတ သီချင်းတို့နှင့်သီဆို ဖျော်ဖြေခဲ့ကြောင်း သိရသည်၊၊
အောင်မြင့်(ပြန်/ဆက်)