တနိုင်းမြို့နယ် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်းအစီအစဉ်ဆောင်ရွက်

တနိုင်း ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတ ရရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်များဖြစ်စေရန်၊ ဉာဏ်ပညာတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ က‌လေးစာဖတ်ခန်း၌ ပုံပြင်ပြခြင်းအစီအစဉ်များ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာတွင် သာမက စိတ်အပန်းဖြေပျော်ရွှင်စေရန်နှင့် ဉာဏ်ပညာ များ တိုးတက်မြင့်မားစေရေး၊ စာဖတ်သည့်အ‌လေ့အထများဖြစ်စေရေးအတွက်   ပုံပြင်ပြောပြခြင်း အစီအစဉ်များ ကို တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

မနောမြေ(တနိုင်း)