မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

တွံတေး ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီကမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ( Community Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။                  

တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး

 Talk Show ကိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမှုဆောင် ဒေါ်​အေးကျင်တို့က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် မူးယစ်ဆေး ဝါးသုံးစွဲခြင်းကြောင့် လူမျိုးပြုန်းတီးနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် လူငယ်များသည် အရေးကြီးပါကြောင်း၊ လူငယ်များမူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သွားမည်ဆိုပါက နိုင်ငံရဲ့အနာဂတ်ပျက်စီးသွားမှာဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်နိုင်သည့်အတွက် နိုင်ငံတော်နှင့်လူငယ်များ အနာဂတ်ကောင်းမွန်စေရေး လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန် ပညာပေးဆွေးနွေးခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ရိုက်ကူးထုတ်လွှင့်သည့်အဆိုပါ Talk Show အပြည့်အစုံကို တွံတေးမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)