မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာ၌ အသက်မွေးဝမ်းကြောင်း အထောက်ကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များပေါ်ပေါက်လာစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က နမ့်တိန်းကျေးရွာအုပ်စု၊ နမ့်တိန်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်မှ သင်တန်းဆင်းပွဲ အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းမှ သင်တန်း ဖွင့်လှစ်ရသော အကျိုးကျေးဇူးများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းများအားလုံးကိုယ်စား  အသက်မွေးဝမ်းကြောင်းအထောက်အကူပြု သင်တန်းဖွင့်လှစ်ပေးခြင်းကြောင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာပြီး  ဒေသနှင့်ကိုက်ညီသည့် ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်စီးပွားရေး ဆောင်ရွက်လာနိုင် ကြောင်း၊ လွန်စွာအကျိုးရှိသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ သင်တန်းသူ/သားများ (၃၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)