တွံတေး ဖေဖော်ဝါရီ ၁၇
အများပြည်သူများ စာပေကိုစိတ်ပါဝင်စားစွာဖြင့် ပိုမိုဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ရှိ ယခုလရရှိသည့် စာအုပ်/ စာစောင်အသစ်များပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူများ စာပေ၏ တန်ဖိုးကိုချစ်မြတ်နိုး၍ စာအုပ်စာပေကို ပိုမိုလေ့လာနိုင်စေရန် မြို့နယ်ရုံး စာကြည့်တိုက်ရှိ လူမှုရေးဆိုင်ရာစာအုပ်များနှင့် မြန်မာ့သမိုင်း၊ ကမ္ဘာသမိုင်းစသည့် ဗဟုသုတရဖွယ် စာအုပ်၊ စာစောင်များ၊ဆေးပညာဆိုင်ရာ အထောက်အကူပြုစာအုပ်များ၊ လူငယ်များအတွက် ဘဝတက်လမ်း အတွေးအခေါ်စိတ်ခွန်အားဖြစ်ပေါ်စေသော စာအုပ်များ၊ သိပ္ပံဆိုင်ရာ ဗဟုသုတရဖွယ်စာအုပ်များ၊ ဆေးပညာဆိုင်ရာ အထောက်အကူပြုစာအုပ်၊ စာစောင်များကလေးကဗျာ စာအုပ်များကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသခဲ့ရာ စာဌား၊စာဖတ်ပရိသတ်များနှင့် စာချစ်သူပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာအုပ်/ စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ပေးလျက်ရှိပြီး စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်များ ပြသခြင်းဖြင့်ပြည်သူများစာပေနှင့်ပိုမိုနီးစပ်လာစေပြီး အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်သည့် အသိပညာဗဟုသုတများလည်း ပိုမိုတိုးပွားရရှိလာစေရန် ပြသခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
တွံတေးသား (ပြန်/ ဆက်)