သဘာဝဘေးအန္တရာယ်ကြောင့် အရေးပေါ်ဆက်သွယ်ရန် တယ်လီးဖုံးနံပါတ်ပါ ဗွီနိုင်းများ ချိတ်ဆွဲဆောင်ရွက်ထားရှိ

ညောင်ဦး ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ပါက အချိန်နှင့်တစ်ပြေးညီတုန့်ပြန်နိုင်ရေး အရေးပေါ်ဆက်သွယ်အကူအညီတောင်းခံနိုင်ရန် လူအများမြင်လွယ်သည့်နေရာများ၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ လိုက်လံချိတ်ဆွဲထားရှိကြောင်းသိရသည်။

ယခုအခါ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မြန်မာပြည်အနယ်နယ်အရပ်ရပ်၌ မီးလောင်မှုများမကြာခဏဖြစ်ပေါ်လျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါကလည်းကောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အမျိုးမျိုးဘေးအန္တရာယ်များ ကျရောက်လာပါကလည်းကောင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော အရေးပေါ်ဆက်သွယ် သတင်းပေးပို့ အကူအညီတောင်းခံနိူင်သည့် တယ်လီဖုန်းအမှတ်များပါရှိသည့် ဗွီနိုင်းချပ်များအား လူအများစုဝေးရာနေရာများနှင့် လူအများသိသာ မြင်သာလွယ်သောနေရာများဖြစ်သည့် ညောင်ဦးမြို့ မဏိစည်သူစျေးကြီးနှင့် ညောင်ဦးမြို့နယ် ပုဂံမြို့သစ်စျေးကြီးတို့ရှေ့များတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာစျေးတာဝန်ခံများနှင့် မြို့မိမြို့ဖတို့ပူးပေါင်း၍ ဗွီနိုင်းဆိုင်းဘုတ် တပ်ဆင်ချိတ်ဆွဲခြင်းလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း