ကလောမြို့နယ်၌ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကလော ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင်ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းက ကလောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နွေရာသီကာလအတွင်း မီးဘေးအန္တရာယ် လုံခြုံရေး၊ သောက်သုံးရေပြက်တောက်မှုမရှိစေအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပြီး မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းထွန်းနှင့် အတွင်းရေးမှူး ရဲမှူး စိုးထွန်းဝင်းတို့က နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနများက ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)