ပျဉ်းမနားမြို့နယ်ရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထား

ပျဉ်းမနား ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ မြေစိုက်နံရံကပ်ပြဘုတ်၌ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသဆောင်ရွက် ထားလျက်ရှိသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ အလုပ်အကိုင်နှင့်အခွင့်အလမ်းများကို ခင်းကျင်းပြသထားရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ လာရောက်ကြည့်ရှုလေ့လာကြသည်။

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံး၏ နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင် ရွက်ချက်များ၊ ထူးခြားဖြစ်စဉ် သတင်းများ၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းများ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများသိရှိစေရေး ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)