ကျောက်ဆည် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ယနေ့ နံနက်(၈)နာရီက မြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှားနှစ်နိုင်ငံ ရင်းနှီးချစ်ကြည်စွာ သံတမန်ဆက်ဆံရေးဆောင်ရွက်နေမှုမှတ်တမ်း ဓာတ်ပုံများအား ပြည်သူများ လေ့လာကြည့်ရှုစေရန် ပြသထားကြောင်း သိရသည်။
အဆိုပါ မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်မှတ်တမ်းဓာတ်ပုံများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတတို့၏ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံ တွေ့ဆုံဆွေးနွေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ဖွံ့ဖြိုးရေးဆိုင်ရာရလာဒ်ကောင်းများ ရရှိရေးဆွေးနွေးမှုမှတ်တမ်းများ ပြသထားကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)