ညောင်ဦး ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် နံရံကပ်ဘုတ်ပြသဆောင်ရွက်ခြင်းကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရွကပ် ပြဘုတ်တွင် ယမန်နေ့ ၊ နေ့လည် ၁၂ နာရီအချိန်ကစတင်ပြသထားရှိထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းဓာတ်ပုံများ၊ စီး ပွားရေးအမြင် ဖလှယ်ဆောင်ရွက်ချက်များ၊ ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့မှု မှတ် တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုမှု မှတ်တမ်းဓာတ်ပုံ များနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ဆောင်ရွက်ချက်များကို ပြသထားရာ လမ်းပေါ်ဖြတ် သန်းသွားလာသူများ၊ ကျောင်းသား/ကျောင်းသူများ၊ စာကြည့်တိုက်စာငှားလာသူများ ၊စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
ဒီပါလင်း