ဒေါပုံမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

ရန်ကုန်      ဖေဖော်ဝါရီ      ၁၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ စာပေကိုပိုမိုလေ့လာဖတ်ရှုလာစေရန်နှင့် ဖတ်ရှုပြီးသည့် စာအုပ်စာပေများအား ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်စေရန်အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သူဇာဝင်းက စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းကို စာရေးဆရာချစ်စံဝင်း၏ နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ စာအုပ်ဖြင့် ဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ကိုဝေယံဇော်က ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများက စာအုပ်အပေါ်ဖတ်ရှုထားသည့် ရှုထောင့်ပေါင်းစုံမှ အမြင်အသီးသီးကို မျှဝေကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)