ခရမ်းစတိုး၊ အထွေထွေစီးပွားရေးလုပ်ငန်းသမအသင်း လီမီတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကျင်းပ

ခရမ်း ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ခရမ်းစတိုး၊အထွေထွေစီးပွားရေးလုပ်ငန်း သမအသင်းလီမီတက်၏ (၂၀၂၀-၂၁+၂၂) ဘဏ္ဍာရေး နှစ် (၁၈) လအတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှူဆောင်ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၉ နာရီက ခရမ်းစတိုး အသင်းရုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရမ်းမြို့နယ် သမဝါယမဦးစီးအရာရှိနှင့် အသင်းဥက္ကဋ္ဌ ဦးခင်မောင်သိန်း (သဘာပတိ) တို့က အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပြီး (၂၀၂၀-၂၁+၂၂) ဘဏ္ဍာရေးနှစ် (၁၈) လအတွက် တင်သွင်းသည့် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွတ်မှုနှင့် ဘဏ္ဍာရေးနှစ်ချုပ်စာရင်းနှင့် အကျိုးခွဲဝေမှု စာရင်းများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်ကြသည့် အစုရှယ် ယာရှင်အသင်းသားများက ရွေးချယ်ပေးကြသည့် အမှူဆောင် (၇ )ဦးတို့အား အတည်ပြုရွေးချယ်ပြီးတာဝန်များခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်ရေးအခန်းအနားသို့ ခရမ်းမြို့နယ်သမဝါယမဦးစီးဌာန မြိုနယ်ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်နှင့်ဝန်ထမ်းများ၊အစုရှယ်ယာရှင် အသင်းသူ၊ အသင်းသားများ၊ ခရမ်းစတိုး၊ အထွေထွေစီးပွားရေးလုပ်ငန်း သမအသင်း၏ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ခရမ်း )