ရွှေပြည်သာ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့်မီး ငြိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေပြည်သာမြို့နယ်ရုံးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင်က မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းအစားများ၊ မီးလောင်ကျွမ်းသည့် အမျိုးအစားများနှင့် မီးငြှိမ်းသတ်နည်းများအား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ ဆက်)