သုံးခွမြို့၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများ လိုက်နာခြင်းရှိ/မရှိ အသိပညာပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

သုံးခွ စက်တင်ဘာ ၂၈

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာ ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရှစ်မျက်နှာစေတီရှေ့တွင် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းလှုပ်ရှား သွားလာသူများအား Mask တပ်ဆင် သွားလာစေရေးအတွက် သုံးခွမြို့ ရှစ်မျက်နှာစေတီရှေ့တွင်  အသိပညာပေး ဆောင်ရွက် လျက်ရှိရာ Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့မသွားလာရန်၊ ဈေး၀ယ်သွားလာရာတွင် လူ(၁)ဦးနှင့် ဆေး၀ယ်၊ဆေးခန်းသွားလာရာတွင လူ(၂)ဦးသာသွားလာရန်နှင့် အရေးကြီး ကိစ္စရှိမှသာ ပြင်ပသို့ထွက်ခွာကြပါရန်စသည့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ကုသထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် ဌာနဆိုင်ရာတို့က သုံးခွမြို့ ရှစ်မျက်နှာစေတီရှေ့တွင် အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်