ကျောက်တလုံးကြီးမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် ပုံတူပန်းချီပြိုင်ပွဲ ကျင်းပ

ကျောက်တလုံးကြီး ဖေဖော်ဝါရီ ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ၊  ဟောပြောပွဲနှင့်ပုံတူပန်းချီပြိင်ပွဲများအား ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပပြုလုပ်သည်။

‌ရှေ့ဦးစွာ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကျင်းပရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။ ဆက်လက်၍ ဟောပြောပွဲအားကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်နှင့် ဗလငါးတန်အကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပုံတူပန်းချီပြိုင်ပွဲအား ဆက်လက်ကျင်းပရာတွင်  ကျောင်းသား/သူ(၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    မြို့ဦးစီးမှူးက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြပွဲ၊ ဟောပြောပွဲနှင့် ပြိုင်ပွဲများသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့်ကျောင်းသား/သူ(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)