ကလော ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့်(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၏ အဓိပ္ပာယ်၊ ဗိုလ်ချုပ်အောင်ဆန်း၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ "စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့" ဆောင်းပါး၊ ဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် "စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့"ကဗျာ၊ "ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့ တို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဥ်သွေးစည်းညီညွတ်ကြပါစို့" ကာတွန်းနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော ဆောင်ပုဒ်များဖြင့် ဝေဝေဆာဆာဖော်ပြထားသည့် လက်ကမ်းစာစောင်များကို ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)