ပလောက် ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် အကြို နံရံကပ်စာ စောင်ပြသခြင်းနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က ကလေးငယ်များအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အပြောစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ရုပ်ပုံကြည့် ပုံပြင်ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲတို့ကို အမက(မူလွန်)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)