ငပြောင်မြောင်းရေသောက်သီးနှံစိုက်ခင်းများ ရေအပြည့်အဝပေးဝေနိုင်ရေး ငပြောင်မြောင်းမှ ရေမြှင့်အဆောက်အအုံ(၃)ခု ပြည်လည်ပြုပြင်ပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် သီးနှံမျိုးစုံအောင်မြင်စွာစိုက်ပျိုးနိုင်ရေး ပြန်လည်ပြုပြင်ရမည့် မြောင်းများ၊ ပြွန်များနှင့် ရေကျအဆောက်အအုံများ၊ မြောင်းရေလျှံထွက်ပေါက်များအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ငပြောင်မြောင်းရေးသောက်သီးနှံစိုက်ခင်းများ ရေအပြည့်အဝပေးဝေးနိုင်ရေး ငပြောင်မြောင်းမှ ရေမြှင့်အဆောက်အအုံ(၃)ခု ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေမြှင့်အဆောက်အအုံးများသည် ငပြောင်မြောင်း ပေတိုင်အမှတ်(-၃၆+၁၀၀)နှင့် (၄၃+၀၀၀) အတွင်း ရှမ်းတောင်ဦးကျေးရွာအနီးရှိ ရေမြင့်အဆောက်အအုံများဖြစ်ပြီး တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၂၁.၀၀)ကျပ်သန်းဖြင့် အမြင့်(၈.၅)ပေ၊ အလျား(၄၀ပေ)၊ အကျယ်(၁၂)ပေရှိ ရေမြှင့်အဆောက်အအုံ(၂)ခုနှင့် အမြင့်(၈.၅)ပေ၊ အလျား(၄၀)ပေ၊ အကျယ်(၁၀)ပေရှိ ရေမြှင့်အဆောက်အအုံ(၁)ခု စုစုပေါင်း(၃)ခုဖြစ်ကြောင်း သိရသည်။

ရေမြှင့်အဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့သဖြင့် ငပြောင်ဆည်ရေသောက်စနစ်၊ ငပြောင်မြောင်းမှ သီးနှံမျိုးစုံ(၁၀၀)ဧကအား စိုက်ပျိုးရေများပေးဝေရာတွင် အထောက်အကူပြည်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့် မြောင်းဘောင်ရေတိုက်စားမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်