တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ထားဝယ်တက္ကသိုလ်၌ ကျင်းပသော ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှုအားပေး

ထားဝယ်  ဖေဖော်ဝါရီ  ၁၀

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်အား ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ပင်မဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ထို့သို့ ဈေးရောင်းပွဲတော်တွင် ဘာသာရပ်အသီးသီးမှ ကျောကျောင်းသား/သူများ၏ ဈေးရောင်းချနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပါမောက္ခဌာနမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဈေးရောင်းပွဲတော်တွင် ထားဝယ်ရိုးရာ အစားအစာများနှင့် လုံချည်များ၊  မုန့်ပဲသရေစာများ၊ လူသုံးကုန် အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများအားဖြင့် စည်ကားသိုက်မြိုက်စွာ ရောင်းချလျက်ရှိပြီး ဈေးရောင်းပွဲတော်သို့ လာရောက်သူများကို ထားဝယ်တက္ကသိုလ် ကျောင်းသား/ကျောင်းသူများက တေးဂီတများဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေလျက်ရှိကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)