တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

တိုက်ကြီး ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲများနှင့် နံရံကပ်စာစောင် ပြပွဲများကို ယနေ့ မွန်းလွဲ နာရီအချိန်က   ကျင်းပသည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့်ပြိုင်ပွဲများကို ကျောင်းသား ကျောင်းသူများ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်၊ အသိပညာဗဟုသုတ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ က​ဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး  ပေးအပ်သည်။

ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော နံရံကပ်စာစောင်များကို ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် စာဖတ်ပရိတ်သတ်များက စိတ်ပါဝင်စားစွာ  လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်ဆက်)