ကျောက်ဆည် ဖေဖော်ဝါရီ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ကျောက်ဆည်-ငှက္ကတောင်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာပြည်သူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ (၁၈.၀၀)ကျပ်သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ထားသည့် (၀ ကီလိုမီတာနှင့် ၀.၄ ကီလိုမီတာ)အတွင်း (၃၀၀.၃၄ အမ်စကွဲ)၏ (၃၀ရာခိုင်နှုန်း)အား ၅၀ မီလီမီတာနှင့် ၁၀၀ မီလီမီတာကျောက်များအသုံးပြုပြီး (၈၀၀.၃၄အမ်စကွဲ) ကတ္တရာလမ်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဝေက လုပ်ငန်းဆောင်ရွက်ထားရှိမှုများအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးသည် ငှက္ကတောင်၊ တောင်နံ့သာကျေးရွာပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်နှင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဂုဏ်ရည်မြင့်မားအောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့၏ရုံးများ ဥပတိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေး၊ ဝန်ထမ်းပိုင်းဆိုင်ရာလိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးသွားကြစေရေး မှာကြားဆွေးနွေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရုံးများမှ လက်ရှိဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အကြောင်းအရာများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်