မြစ်သားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မြစ်သား ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အ.ထ.က)မြစ်သားနှင့် မင်းကုန်း(မူလွန်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသား‌ရေးဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ စည်းလုံးညီညွတ်မှုသည် ထာဝရငြိမ်းချမ်းရေးဆီသို့ စာပိုဒ်များ၊ တိုင်းရင်းသားများစည်းလုံးအားဖြင့် လက်တွဲမပျက်ရှေ့သို့ဆက်ဆောင်ပုဒ်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် အစရှိသည့်အကြောင်းအရာများ၊ ညီညွတ်ခြင်းသည်အင်အား စည်းလုံးခြင်းသည်ခွန်အား ပြည်ထောင်စု၏နှလုံးသားများ ဆောင်ပုဒ်များ၊ စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့ကဗျာများ၊ ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့ တို့ညီနောင်တိုင်းရင်းသားတို့ ထာဝစဉ်သွေးစည်းလုံးညီညွတ်ကြပါစို့ ကာတွန်းများပါဝင်ပြီး သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အ‌ရောက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ရဲနိုင်ဦး