အမရပူရ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယန္တယားတပ်(မြစ်ငယ်) အခြေခံပညာအထက်တန်းကျောင်း၊ မဟာအဆောင်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် အသိ ပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲတို့ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်သူဇာမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရည်ရွယ်ချက်ငါးရပ်ကိုရှင်းလင်းပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုလူငယ်စကားဝိုင်းတွင် Gread-10 မှမောင်ချစ်ဘုန်းကိုကလူငယ်နှင့် စာပေ၊ မောင်နောင်ကိုကိုလတ်က လူငယ်နှင့်ကျန်းမာရေး၊ မအေးမြနိုးခိုင်ကလူငယ်နှင့် အားကစား၊ မအေးမြတ်မွန်က လူငယ်နှင့်မူးယစ်ဆေးစသည့်ခေါင်းစဥ်များနှင့် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများကစာပေအကြောင်းနှင့် မူးယစ်ဆေးအကြောင်းများ ပြန်လည်မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆးဝါးအန္တရာယ်များ စသည့်နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးစီးအရာရှိဒေါ်တင်တင်လှက နံရံကပ်စာစောင်ပြပွဲပြုလုပ်ရခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး လူကုန်ကူးခံရသည့်အချက်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သုံးစွဲ မှုအန္တရာယ်စသည့်အချက်များပါဝင်သည့် နံရံကပ်များကို ပြသပေးခဲ့ပြီးကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်စေရန် ရည်ရွယ်ပြီး စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)