ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်းဆောင်ရွက်

ကျောက်မဲ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများ လုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်ပါအခန်း(၈) ခွင့်ခံစားခြင်းများအကြောင်း ဆွေးနွေးခဲ့ပြီး၊ ဝန်ထမ်းများက ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ လစာမဲ့ခွင့်၊  ဆေးရုံခွင့်များအကြောင်း အသီးသီးဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆွေးနွေးပွဲနှင့်စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံး ဝန်ထမ်းများက တစ်လလျှင်နှစ်ကြိမ်နှုန်း  လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)