ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ထက်မြတ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီဆောင်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပသည်။
ရှေ့ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမင်းက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က လူငယ်ရေးရာအသိပညာပေး ဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအတွက် လူငယ်များစာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ လူငယ်များနည်းပညာအသုံးပြုမှု ကောင်းကျိုး၊ ဆိုးကျိုးများအပြင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများ ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး လူငယ်အသိပညာပေး မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ပြည်ထောင်စုနေ့အကြောင်းပါရှိသော နံရံကပ်စာစောင်နှင့်စာအုပ်များ ခင်းကျင်းပြသခဲ့ရာတက်ရောက်လာသော အ.ထ.က(၃)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ ဆက်)