ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose) ထိုးနှံခြင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒလ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းအချိန်မှစ၍ အခြေခံပညာ မူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံပေးခြင်းကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ခေါင်းဆောင်း၍ သပြေကုန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် ဗိုလ်ရန်ပြေရပ်ကွက်ရှိ အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီး (၆) လပြည့်သည့် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း (Booster Dose) ထိုးပေးခြင်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုပညာရေးစစ်ကြောင်းကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်ဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက အားပေးကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြင့်ဇော်(ပြန်/ဆက်)