ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ

ကျိုက်ဒုံ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း ( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူး ဦးကျော်လင်းနိုင်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှ ရရှိသည့် ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် ကျိုက်ဒုံမြို့(ပြန်/ဆက်)ဦးစီးမှူးမှ စာရေးဆရာ အောင်မြတ်ဦးရေးသားထားသော ''ဆန်းသစ်သောအတွေးအမြင်နှင့်ဘဝအောင်ပွဲ'' စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဒေါ်နန်းအေးအေးချိုမှ ပြည့်စုံခြင်းမှ အောင်မြင်ခြင်း၊ လောကဓံထိတွေ့မှုနှင့် ဘဝအောင်မြင်မှု၊ ဦးဇော်ဝင်းဦးမှ သင်၏ ပြုမှုကျင့်ကြံနေထိုင်မှုသည် သင်၏အောင်မြင်မှုဖြစ်သည်၊ သင်ကံကောင်းချင်သလားစသည့် စာအုပ်ပါ အကြောင်းအရာ ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင် (ပြန်/ဆက်)