ကွမ်းခြံကုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ကွမ်းခြံကုန်း   ဖေဖော်ဝါရီ   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ကို ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးနှင့် (Book Club)၌ ဥက္ကဋ္ဌစာရေးဆရာသန်းမြင့်သန်း(ကွမ်းခြံကုန်း)တို့က ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းကြရန်၊ ပြည်ထောင်စုစိတ်ဓာတ်သည်သာ တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်ရမည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်ကြောင်းစသည့် အကြာင်းအရာများကို ဆွေးနွေးပြောကြားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းခြံကုန်းမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများစသည့် အကြောင်းအရာများကို ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဆွေနွယ်(IPRD)