တာမွေမြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပ

တာမွေ ဖေဖော်ဝါရီ ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်ဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ ရင်သွေးငယ်လေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲစသည့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အဆိုပါ အမှတ်(၅) မူလတန်းကြိုကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ အဆိုပါကျောင်းရှိ ရင်သွေးငယ်လေးများ အားရပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် ပြုလုပ်သည့်ကျောင်းတွင်း ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ သားငယ်/ သမီးငယ်လေးများက  တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ထို့နောက် အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ ရင်သွေးငယ်လေးများ၏ ကျောင်းတွင်း ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို အငယ်ဆင့်၊ အကြီးဆင့်သတ်မှတ်၍ ဆက်လက်ကျင်းပခဲ့ရာ အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ ရင်သွေးငယ်လေးများ အားရပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

အဆိုပါ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ်ပြုလုပ်သည့် ကျောင်းတွင်း ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ ဆရာ/ဆရာမများနှင့် ရင်သွေးငယ်လေးများ၏ မိဘအုပ်ထိန်းသူများက အားရဝမ်းသာစွာဖြင့် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)