ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ဆိပ်ကြီးခနောင်တို  ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်စွာ ပညာသင်ကြားနိုင်ရေးရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဆရာ၊ ဆရာမများအတွက် ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.ကခနောင်တို)ခန်းမတွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သင်တန်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသရေးမှူးမြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်းနှင့် ဦးစီးအရာရှိ သူနာပြုဆရာမကြီးဒေါ်ခင်ပပလွင်တို့က ကျောင်းကျန်းမာရေးလက်စွဲစာအုပ်ပါ ကျောင်းကျန်းမာရေး လုပ်ငန်း၏ရည်ရွယ်ချက်၊ ကျောင်းကျန်းမာရေးဝန်ထမ်းများ၏ ကျောင်းကျန်းမာရေးတာဝန်နှင့်ဝတ္တရားများ၊  ပညာရေးဝန်ထမ်းများ၏ ကျောင်းကျန်းမာရေးတာဝန်နှင့် ဝတ္တရားများ၊ ကျောင်းကျန်းမာရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်(၉)ရပ်စသည့် ကျောင်းကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၀ ရက်နေ့အထိ ရှင်းလင်းဆွေးနွေးပို့ချပေးသွားမည်ဖြစ်ရာ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၇ ကျောင်းမှ ကျောင်းအုပ်ကြီးများအပါအဝင် ဆရာ၊ ဆရာမ ၈၀ ဦးမှ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဝေယံ (IPRD)