ဒဂုံတက္ကသိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲကျင်းပ

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲကို ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဒဂုံတက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဒေါက်တာလှိုင်အောင်ထွန်းက တိုင်းရင်းသားရိုးရာအကများ ဆောင်ရွက်ထားရှိမှုနှင့် ဝိုင်းဝန်းကူညီပံ့ကူညီသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားရိုးရာပဒေသာကပွဲကို ပြည်ထောင်စုအလံတို့ကြိုမည်သီချင်းဖြင့် ဒဂုံတက္ကသိုလ်မ ှကျောင်းသားမောင်စွမ်းရည်ထက်နှင့် ကျောင်းသူမယဉ်လဲ့လဲ့ဖြိုးတိုက သီဆိုဖွင့်လှစ်ခဲ့၍ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသာရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီးနောက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် Essay ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ပညာရေးဝန်ကြီးဌာနလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာအောင်ဆွေထွန်း၊ ဒဂုံတက္ကသိုပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်နှင့် ဒုတိယပါမောက္ခချုပ်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ တိုင်းရင်းသားရိုးရာပဒေသာကပွဲတွင် ရခိုင်၊ ဗမာ၊ ရှမ်း၊ မွန်၊ ချင်း၊ ကချင်၊ ကရင်စသည့် တိုင်းရင်းသားရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပဒေသာကပွဲသို့ ပညာရေးဝန်ကြီးဌာနလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာအောင်ဆွေထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ထွေးဦးနှင့် ရန်ကုန်မြို့ရှိအရှေ့ပိုင်းတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်မှပါမောက္ခချုပ်များ၊ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကြည့်ရှုအားပေးကာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)