မိတ္ထီလာ ဖေဖော်ဝါရီ ၁ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် တေးသီဆိုပြိုင်ပွဲနှင့်Mr Fashion & Miss Fashion ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ရှေးဦးစွာကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။ထိုနောက် ပြိုင်ပွဲစည်းကမ်းချက်များနှင့်ပတ်သက်၍ တက္ကသိုလ်အနုပညာအသင်းဥက္ကဋ္ဌ ရူပဗေဒဌာနပါမောက္ခဌာနမှူးဒေါက်တာလှဝင်းက ရှင်းလင်းပြောကြားသည်။ (၂၃)ကြိမ်မြောက် မန္တလေးတိုင်းဒေသကြီးအဆင့် ဆိုကရေးတီးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့ကြသော ကျောင်းသူကျောင်းသားများကို ပါမောက္ခချုပ်ဒေါက်တာဘဟန်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။၎င်းနောက် တေးသီဆိုပြိုင်ပွဲ နှင့် Mr Fashion & Miss Fashion ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တေးသီဆိုပြိုင်ပွဲတွင် ဘာသာရပ်ပေါင်း စုံမှ ကျောင်းသူကျောင်းသားပြိုင်ပွဲဝင် ၁ဝ ဦး ၊ Mr Fashion & Miss Fashion ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၉ ဦး ပါဝင်ယှဉ်ပြိုင်သည်။ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ပါမောက္ခချုပ်ဒေါက်ဘဟန် ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိ ၊ဒုတိယပါမောက္ခချုပ်ဒေါက်တာနေအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ