စဉ့်ကိုင် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက် နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)ခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံ ပညာကျောင်းများသို့ ကျောင်းသား/ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့၊ အမျိုးသားရေးဦးတည်ချက်များ၊ စည်းလုံးညီညွှတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ ပြည်ထောင်စုစိတ်ဓာတ် ၊(နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီ လ(၁၂)ရက်နေ့ ၊ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်)၊ စစ်မှတ်သောမျိုး ချစ်စိတ်ဓာတ်၊ အေးအတူ ပူအမျှ ၊ ( ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ခုနှစ် ၊ ဇန်နဝါရီလ၂၀ ရက်နေ့တွင် ဖဆပလအဖွဲ့ ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်)၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်ကဗျာများ၊ ကာတွန်းနှင့်မိန့်ခွန်းကောက်နုတ်ချက်များ ရေးသားဖော်ပြထားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများထံသို့ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော့မူယာမောင်