မိုင်းကိုင်မြို့နယ်၌ (၇၆) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းကိုင် ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့မနက် ပိုင်းက အ.ထ.က(မိုင်းကိုင်)၌ ကျင်း ပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် မိုင်းကိုင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းကိုယ်စားပြု ထက်/လယ်/ မူအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀)ဦးတို့က ပြည်ထောင်စုနေ့သမိုင်းကြောင်းနှင့် လူငယ့်တာဝန်၊ ပြည်ထောင်စုအမွေထိန်းသိမ်းစို့လေ စသည့်ခေါင်းဖြင့် စာစီစာကုံး ပြိုင်ပွဲကို လည်းကောင်း၊ သွေးစည်း မှုကိုသက်သေတည်ပြည်ထောင်စုရဲ့ နေ့သစ်ဆီ၊ ပြည်ထောင်စုဖွား ရတနာများ စသည့်ခေါင်းစဉ်ဖြင့် ကဗျာရေးစပ်ပြိုင်ပွဲကိုလည်းကောင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊  ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားပြီး စာပေလေ့လာ သည့်အလေ့အကျင့်များ ရရှိလာစေရန်အတွက် (၇၆) နှစ်မြောက်၊ ပြည်ထောင်စု‌နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များကို ကျောင်းသား၊ ကျောင်းသူများ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)