လှိုင်သာယာ(အရှေ့ပိုင်း) ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂၂)ရှိ ကျောင်းသား/သူများကို ယမန်နေ့နံနက်(၁၀)နာရီ၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
သတင်းစကားလက်ကမ်းစာစောင်တွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ စည်းလုံးညီညွတ်မှုသည် ထာဝရငြိမ်းချမ်းရေးဆီသို့ စာပိုဒ်များ၊ တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက် ရှေ့သို့ဆက် ဆောင်ပုဒ်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် အစရှိသည့်အကြောင်းအရာများ၊ ညီညွတ်ခြင်းသည်အင်အား စည်းလုံးခြင်းသည် ခွန်အား ပြည်ထောင်စု၏နှလုံးသားများဆောင်ပုဒ်များ၊ စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့ကဗျာများ၊ ပြည်ထောင်စုကြီးအဓွန့်ရှည်ဖို့ တို့ညီနောင်တိုင်းရင်းသားတို့ ထာဝစဉ်သွေးစည်းညီညွတ်ကြပါစို့ ကာတွန်းများပါဝင်ပြီး သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများ လက်ဝယ်အရောက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးလျက်ရှိသည်။
ခင်ဝင်းမူ(ပြန် / ဆက်)