မိုးမိတ်မြို့၌ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြော

မိုးမိတ်  ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းမျာသည်  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုတုသတိုးပွားစေရေးအတွက်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က တောင်ပိုင်းရပ်ကွက် အမှတ်(၇) အခြေခံပညာမူလတန်း ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ်များထဲမှ ငလျင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် ရှင်းလင်းဟောပြောခဲ့ကာ  အကြီးတန်းစာရေး ဦးနိုင်သူကျော် မီးဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)