နေပြည်တော် ဖေဖော်ဝါရီ ၁၀
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များ သက်သာချောင်ချိရေးအတွက် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ကောင်စီရုံးတို့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးတင်ဦးလွင်က မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။
ယနေ့ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ကောင်စီအောက်ရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)