လဲချားတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များအား ချေးငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

လဲချား ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များအား ချေးငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် လွိုင်လင်ခရိုင်၊နိုင်ငံပိုင်စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းနိုင်မှ ချေးငွေပေးအပ်မှုနှင့် ပက်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် တာဝန်ရှိသာများက လုပ်ငန်းရှင် (၈) ဦးအတွက် တစ်ဦးလျှင်ချေးငွေကျပ် သိန်း (၃၀၀) ကျပ်ကို လုပ်ငန်းရှင်များ လက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ပြီး လုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)