(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနား ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာတွင် ကျင်းပ

ကျောက်မဲ ဖေဖော်ဝါရီ ၁၀

(၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ လုံဝယ်ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက လုံဝယ်ကျေးရွာကုန်ထုတ်လမ်းမုဒ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲသို့ ကျောက်မဲခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောက်မဲခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံဝယ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လုံဝယ်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား တက်ရောက်ခဲ့ကြသည်။

အဆိုပါ လုံဝယ်ကုန်ထုတ်လမ်းအား ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်ထွန်းသူနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းလုံဝယ်ကုန်ထုတ်လမ်း (သဲဗြုံန်းရောမြေလမ်းအရှည် ၁ မိုင် ၁ ဖာလုံနှင့် Box Culvert တံတား ၂ စင်း)အား ကျောက်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၆၇ဒဿမ ၄၄၈ သန်းဖြင့် ဖေါက်လုပ်ထားပြီး ယခုအခါ ဒေသခံပြည်သူများအနေဖြင့် ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်သို့အဆင်ပြေ မြန်ဆန်စွာ ပို့‌ဆောင်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)